Friday 15 July 2011

တရုတ်ခေါင်းဆောင်နှင့် တွေ့ ဆုံးခြင်း

တကြိမ်က တရုတ်ပြည်ကြီးကို ပထမဦးစွာ ကယ်တင်နိုင်ခဲ့သော ခေါင်းဆောင်ကြီး ဒေါက်တာဆွန်ယက်ဆင်သည် ဂျပန်ပြည်သို့ ထွက်ပြေးပြီး လာနေစဉ်အခါက ဦးဥတ္တမနှင့် အတော်ရင်းနှီးအောင် လာရောက်တွေ့ဆုံ လျက် အကြံဥာဏ်အမျိုးမျိုးကို တောင်းခံယသွားသည်ဟုဆိုသည်။

ဆရာတော်ဦးဥတ္တမက တရုတ်ပြည်ကတော့ လုံးဝကျွန်မဟုတ်သေး၍ ယခုပင်ကြိုးစားပြီး အနောက်တိုင်း၏ ယဉ်ကျေးမှုအ၀၀ကို နည်းယူလျက်ကြီးပွားအောင်ကြိုးစားပါ။

အိန္ဒိယနှင့် ဗမာကတော့ ကျွန်လုံးလုံးဖြစ်နေ၍ ယခုနေတော့ဖြင့် လွတ်လပ်ဖို့ပင် တော်တော်ကြိုးစားကြရဦးမည်ဟု ပြောဖူး၏။

ထို့ပြင်လည်း အလွန်ရှေးကျသော အယူဝါဒဖြစ်သည့် ကျစ်ဆံပြီးနှင့်ေသြေးသေးကလေး ထားမှုတို့သည် လူအဆင့်အတန်းတိုးတက်မူ၏ အန္တရာယ်တွေသာ ဖြစ်သည်။

တကြိမ်က တရုတ်နှင့် အနောက်ဥရောပသားတို့ ဖြစ်ပွားသော ဘိန်းစစ်ပွဲ၏ရာဇ၀င်တွင် ကျစ်ဆံမြီးရှည်နှင့် တရုတ်အများကို ဖမ်းဆီးပြီး ကျစ်ဆံမြီးတွေကို တုတ်နှောင်၍ချည်ထားသဖြင့် တရုတ်လူမျိုးများမှာ အလွတ်မရုန်းနိုင်ကြဘဲ ရှိခဲ့ဖူးရုံမျှမက လူတွေ အစုံလိုက်အပြုံလိုက်ဖမ်းပြီး အင်လယ်ထဲ တွန်းချခံကြရသည်မှာ ထိုကျစ်ဆံမြီးကြောင့်ပင် ပို၍ လွယ်ကူစွာ နှိပ်စက်သွားနိုင်ကြသည်။

သို့အတွက် ထိုအယူဝါဒတွေကို ဖျောက်ပြီး အနောက်တိုင်းအယူဝါဒနှင့် ခေတ်သစ် နည်းသစ်တို့ကိုယူ၍ တရုတ်လူမျိုးများကို တိုးတတ်အောင် ပထမ လှုံ့ဆော်ပေးရမည်ဟု သြ၀ါဒပေးဖူးကြောင်း အရှင် ဦးဥတ္တမကပြော၍ အရှင်အရိယထံမှတဆင့် သိရပေးသည်။

မြင်ကွန်းမင်းသားနှင့် တွေ့ဆုံခြင်း

ဂျပန်ပြည်မှပြန်လာသောအခါ ကိုးရီးယား၊ တရုတ်ပြည်မှတဆင့် ပြင်သစ်ပိုင် အင်ဒိုင်ချိုင်းနားပြည် ဆေးဂုံမြို့သို့ဝင်သေး၏။

ထိုမြို့၌ မြင်ကွန်းမင်းသားကြီးနှင့် သားတော်နှစ်ပါးရှိရာ မြန်မာပြည်မှ ဘာသာမျိုးစုံတတ်သော ဆရာတော်ဦးဥတ္တမ ရောက်ရှိလာကြောင်း သတင်းစာများကဖော်ပြသဖြင့်မြင်ကျွန်းမင်းသားကြီးကပင့်၍ ဆွမ်းကျွေးဖူးသည်။

မြင်ကွန်းမင်းသားကြီးက အရှင်ဘုရားတပည်တော် ရာဇပလ္လင် ဖင်မထိုင်ရသမျှတော့ ဗမာပြည်ကို မပြန်သေးဘူးဟု လျှောက်ထားရာ ဦးဥတ္တမက ဒါယာကာကြီးအသက်မရှိသော ခဲတစ်လုံးကို ရေထဲသို့ချက အသံမြည်လိမ့်မည်။ ဗမာပြည်ကတော့ ယခုအခါ အသံမမြည်တော့မည် မဟုတ်တော့ပေဟု မိန့်တော်မူရာ မြင်ကွန်းမင်းသားကြီးမှာ မျက်ရည်များကျရရှာသည်။

ဆရာတော်က ကျုပ်တို့လဲ အခါအခွင့်ကိုကြည့်ပြီး ဆောင်ရွက်ကြရာတော့မှာဘဲဟု နှစ်သိမ့်စေပြီးနောက် ဆရာတော်သည် ကမ္ဘောဒီးယားသို့ကြွသည်။ ၄င်းမှတဆင့် ယိုးဒယားသို့၊ ယိုးဒယားမှ မာဒရပ်သို့ တိုက်ရိုက်ကြွတော်မူသည်။

မာဒရပ်သို့ရောက်သောအခါ၌ အင်္ဂလိပ်အစိုးရ၏ အရာရှိဖြစ်သူ ရာဇ၀တ်ဝန်တစ်ဦးက သင်္ဘောဆိပ်ကအဆင်းတွင် ဆရာတော်ဦးဥတ္တမအား တွေ့ဆုံပြီး ခင်ဗျားဘာရိုဒါစတိတ်ကိုသွားမှာဘဲ မဟုတ်လားဟုမေးရာဘာရိုဒါမဟာရာဇနှင့် အိန္ဒိယတွင်ထပ်မံတွေ့ဆုံပြီး အိန္ဒိယလွတ်လပ်ရေးအတွက် ဆောင်ရွက်ဖို့ နှီးနှောတိုင်ပင်ရန်ကိစ္စကို အင်္ဂလိပ်အစိုးရတို့ သိပြီးဖြစ်နေသဖြင့် ဆရာတော်မှာ ဘာရိုဒါသို့ တိုက်ရိုက်သွားရန်ကိစ္စကို ပယ်ဖျက်လိုက်ရပြီးလျှင် ဘုံဘေသို့ မီးရထားနှင့်သွားပြီး ဘုံဘေ၌ သီပေါဘုရင်နှင့်တွေ့ရန် စိတ်ကူးထုတ်ပြန်ရသည်။

သို့သော်လည်း အင်္ဂလိပ်အစိုးရကထိုအခါမှစပြီး မိမိခြေရာကို အမြဲမပြတ်စောင့်၍ ကြည့်နေပြီးဟု သိရသဖြင့်၎င်းမှ ပြင်သစ်ပိုင်နယ်မြေထဲသို့ကူးပြီး ထိုမှနေ၍ ဘာရိုဒါမဟာရာဇာနှင့်သီပေါမင်းတို့ထံ မသိမသာချိန်းဆို တွေ့ဆုံရသည်။

သို့သော်လည်း သီပေါမင်းမှာ အင်္ဂလိပ်အစိုးရက ထားသလိုနေရုံမက ဘုရင်သမီးတော်များမှာအလွန်အောက်တန်းကျသော အစေခံများလက်သို့သာ ပါတော်မူခြင်း ထောက်ပံ့ကြေးကို လုံလောက်စွာမရခြင်းတို့အတွက် မကြေမချမ်းစရာ ကိစ္စများကို တွေ့ရှိလေရာ အင်္ဂလိပ်အစိုးရ၏ ပရိယာယ်ေ၀၀ုစ်များကို အရှင်ဦးဥတ္တမသည် မည်သို့မည်ပုံတွန်းလှန်ရမည်နည်းဟူသော အစီအစဉ်များကို စဉ်းစားလျက်ပင် ဗမာပြည့်သို့ ပြန်ရောက်ခဲ့ရလေသည်။